31 Dec Max Energy မိသားစုမှ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ
2026 နှစ်သစ်သို့ ကူးပြောင်းသည့် မင်္ဂလာရှိသောအခါသမယတွင် Max Energy မိသားစုမှ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၃၁၊၁၂၊၂၀၂၅ ရက်နေ့တွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူခဲ့ကြပါသည်။စုပေါင်းသန့်ရှင်းရေးလုပ်အား ဝေယျာဝစ္စ သီလကုသိုလ် အနေဖြင့် ဝန်ထမ်းများမှ စေတီတော်ရင်ပြင်တစ်လျှောက် တံမြက်စည်းလှည်းခြင်းနှင့် ဘုရားပန်းအိုးများ ဆေးကြောသန့်စင်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် မြတ်သောကုသိုလ်များဖြင့် အားသစ်လောင်း ကြိုဆိုခဲ့ကြခြင်းအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ မိဘပြည်သူများအားလုံး ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Max Energy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ...