မက်စ်အင်နာဂျီတွင် ဝယ်ယူအားပေးသော customer များသည် Max Rewards Application အားအသုံးပြုပြီး Points များကိုစုဆောင်းနိုင်ပါသည်။ စုဆောင်းထားသော Points များနှင့် သတ်မှတ်ထားသော လက်ဆောင်ပစ္စည်းများအား ပြန်လည်၍ လဲလှယ်နိုင်ပါသည်။
Max Rewards Application အား Google Play Store, Apple App Store များတွင် Download ရယူနိုင်ပါသည်။

၁။ Max Rewards Application ကို အခမဲ့ ဒေါင်းလုပ် (Download) ပြုလုပ်နိုင်ပါသည်။
၂။ အသက် (၁၈) နှစ် နှင့်အထက်ရှိ မည်သူမဆို Max Rewards အစီအစဉ်ကို ပါဝင်ရန်အတွက် စာရင်းပေးသွင်းနိုင်ပါသည်။
၃။ စာရင်းပေးသွင်းရာတွင် လူကြီးမင်းအသုံးပြုသော Email (သို့မဟုတ်) ဖုန်းနံပါတ်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
၄။ Max Rewards အသုံးပြုရာတွင် လျှို့ဝှက်နံပါတ် (Password) အား သတ်မှတ်ခိုင်းမည်ဖြစ်ပါသည်။ လူကြီးမင်း အသုံးပြုသော လျှို့ဝှက်နံပါတ်အား လျှို့ဝှက်ထားရန် လိုအပ်ပါသည်။ အကယ်၍ လူကြီးမင်း၏ လျှို့ဝှက်နံပါတ်အား တစ်စုံတစ်ယောက်မှ ရယူသုံးစွဲနေသည်ဟု သံသယ ရှိပါက Max Energy Company Ltd ထံသို့ ဆက်သွယ်ရန်လိုအပ်ပါသည်။ လျှို့ဝှက်နံပါတ်အား အသုံးပြုပြီး ဝင်ရောက်ပြုလုပ်သော လုပ်ဆောင်မှုများနှင့် သတ်မှတ်ထားသည့် ပစ္စည်းများလဲလှယ်မှုအားလုံးတို့သည် လူကြီးမင်းတွင်သာတာဝန်ရှိပါသည်။
၅။ လူတစ်ဦးတစ်ယောက်လျှင် အကောင့် တစ်ခုသာ ဖွင့်နိုင်ပါသည်။ ဖွင့်လှစ်ပြီးသော အကောင့်အား လွှဲပြောင်းခြင်းမပြုရပါ။
၆။ Max Energy ဆီဆိုင်များ ၌ စက်သုံးဆီဖြည့်တိုင်း သတ်မှတ်ထားသော Reward Points များရရှိမည် ဖြစ်ပါသည်။ Max Rewards အား အသုံးပြုရန် အတွက် Max Energy စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ပြီးနောက် မိမိကိုယ်တိုင်ဘောက်ချာပေါ်ရှိ ကုဒ်နံပါတ်ကို ရိုက်ထည့်၍ သော်လည်းကောင်း ၊ QR scan ဖတ်၍ လည်းကောင်း Reward Points များကို ရယူနိုင်ပါသည်။
၇။ ဘောင်ချာပေါ်ရှိ ကုဒ်နံပါတ်နှင့် QR Scan အား (၇) ရက်အတွင်းသာ Points များ စုဆောင်း နိုင်ပါသည်။ ဘောင်ချာပေါ်ရှိ ကုဒ်နံပါတ်နှင့် QR Scan သည် (၇) ရက် ကျော်လျှင် Points များစုဆောင်းနိုင်မည် မဟုတ်ပဲ အလိုအလျောက်ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
၈။ လူကြီးမင်း မှစုဆောင်းထားသည့် Points နှင့် ဆုလက်ဆောင်လဲလှယ် (Redeem) ထုတ်ယူခြင်းသည် (၃) ရက်အတွင်းသာ ထုတ်ယူနိုင်မည် ဖြစ်ပြီး Redeem နှိပ်ပြီး (၃) ရက်အတွင်း လက်ဆောင်မထုတ်ဖြစ်ပါက အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။
၉။ လူကြီးမင်းသည် တစ်နေ့လျှင် ကားအစီးရေ (၃) စီး အတွက်သာ ဘောင်ချာ Scan ဖတ်နိုင်မည် ဖြစ်သည်။
၁၀။ ရရှိခဲ့ပြီး Points များအား သတ်မှတ်ထားသော Points အရေအတွက် ပြည့်မှီသည့်အချိန်မှ စတင်၍ Max Energy Company Limited မှ သတ်မှတ်ထားသော ဆုလက်ဆောင်များဖြင့် လဲလှယ်နိုင်ပါသည်။
၁၁။ Points များအား 1000000 Points ထိ စုဆောင်းနိုင်မည်ဖြစ်ပြီး Points အရေအတွက် ၁၀ သိန်း ပြည့်ပါက သတ်မှတ်ထားသော ဆုလက်ဆောင်များဖြင့် လဲလှယ်ရမည်ဖြစ်ပါသည်။ထိုသို့ လဲလှယ်မှသာ Points များအား ဆက်လက်စုဆောင်းနိုင်မည် ဖြစ်ပါသည်။
၁၂။ သတ်မှတ်ထားသော ဆုလက်ဆောင်များဖြင့် လဲလှယ်လိုပါက မိမိ၏ ကားနံပါတ်ကို ရိုက်ထည့်၍ လဲလှယ်နိုင်ပါသည်။
၁၃။ Max Rewards ကို အသုံးပြုရာတွင် လူကြီးမင်းများ၏လိုအပ်ချက်နှင့် ကိုက်ညီပြီး အမှားအယွင်းကင်းမည်ဟု ကတိမပြုနိုင်ပါ။ Max Rewards ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အမှားအယွင်းရှိပါက ချက်ခြင်းပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၁၄။ Max Rewards အသုံးပြုရာတွင် ခေတ္တရပ်ဆိုင်းထားရန် လိုအပ်သည့် ပြင်ဆင်မှုများ ရှိပါက အသုံးပြုမှုနည်းသော အချိန်အားရွေး၍ ခေတ္တရပ်ဆိုင်းထားပြီး အလျင်မြန်ဆုံး ပြင်ဆင်သွားမည်ဖြစ်ပါသည်။
၁၅။ အကောင့်ပိတ်သိမ်းခြင်း
အကောင့်ပိတ်သိမ်းခံရပါက စုဆောင်းထားသော Stars များနှင့် အကျိုးခံစားခွင့်များအား ဆက်လက်အသုံးပြုနိုင်ခွင့်ရရှိမည် မဟုတ်ပါ။
၁၆။ Max Rewards အစီအစဉ်အား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ Max Energy Company Limited မှ အချိန်မရွေးဖျက်သိမ်းနိုင်ခွင့်ရှိပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကိုလဲ အချိန်မရွေးပြုပြင် ပြောင်းလဲ ပြင်ဆင်သတ်မှတ်နိုင်သည်။
၁၇။ Max Energy Company Limited မှ Max Rewards အစီအစဉ်အား ဖျက်သိမ်းလိုက်ပါက Application ထဲတွင် ကျန်ရှိနေသော Stars များနှင့် အကျိုးခံစားခွင့်များကို ဆက်လက်အသုံးပြုနိုင်ခွင့် ရရှိမည်မဟုတ်ပါ။
၁၈။ Max Rewards အသုံးပြုခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက Max Energy Company Limited ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။