10 Oct Max Energy World Mental Health Day 2025
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က “စိတ်ကျန်းမာရေးဟာ လူသားတွေအတွက် အင်မတန် အရေးပါပြီး ကျွန်တော်တို့တွေကို စိတ်ချမ်းသာပြည့်စုံစွာ နေထိုင်စေနိုင်သလို ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းတွေကိုလည်း အပြည့်အဝ ပံ့ပိုးပေးနိုင်ပါတယ်” လို့ ဆိုပါတယ်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကာလတွေကြောင့် လူတစ်ဉီးစီတိုင်းဟာ စိတ်ကျန်းမာရေး အခြေအနေ တစ်ခုခုနဲ့ ရှင်သန်နေရသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေလည်း အနည်းအများဆိုသလို ကြုံတွေနေကြရတာပါ။
စိတ်ကျန်းမာရေးဆိုတာဟာ လူသားတိုင်းနဲ့ သက်ဆိုင်တာကြောင့် နှိမ့်ချအပြစ်တင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေ မလုပ်ဘဲ တစ်ဉီးနဲ့တစ်ဉီး အပြန်အလှန် မေတ္တာတွေမျှဝေရင်း စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဆောင်ရွက်ကြဖို့လိုပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရပြည့်ဝစွာ စားသုံးပြီး လိုအပ်တဲ့ လေ့ကျင်ခန်းတွေ ဆောင်ရွက်ရသလို စိတ်ကျန်းမာရေးအတွက် ချစ်ခင်နွေးထွေးစွာ ဆက်ဆံပေးမှု၊ အခက်အခဲကို စုပေါင်းအားနဲ့ ကျော်ဖြတ်မှု၊ စိတ်ဓာတ်ခိုင်မာပြီး အားပေးတတ်တဲ့ မိသားစုတွေနဲ့အတူယှဉ်တွဲ နေထိုင်ခြင်းတွေဟာ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေပါ။
ဒါကြောင့် နွေးထွေးပြီး စစ်မှန်သော မေတ္တာများနဲ့ ကောင်းမွန်ဖွံ့ဖြိုးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ကြပါစေလို့ တောင်းဆုပြုရင်း ၂၀၂၅ခုနှစ် (World Mental Health Day) ကို Max Energy မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။













