World Environment Day June 2026

World Environment Day June 2026

စိမ်းလန်းစိုပြေပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ဆိုတာသစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းခြင်း ကနေစတင်ရတာဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Max Energy မိသားစုမှ (၅.၆.၂၀၂၆) တွင် ဒလမြို့ စည်ပင်လမ်း ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် ဓနုတ်ဘုရား (မြောက်ဖက်မုဒ်) တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး နှင့် အများပြည်သူအကျိုးအတွက် သစ်ပင်စိုက်ပျိုးခြင်း (CSR) လှုပ်ရှားမှုကိုသွား ရောက်ဖော်ဆောင်ခဲ့ပါတယ်။

ယနေ့ စိုက်ပျိုးခဲ့သည့်အပင်များ ကြီးထွားလာပြီး အနာဂတ်မှာ ဒေသခံပြည်သူတွေအတွက် သာယာလှပတဲ့ရိပ်မြုံတစ်ခု ဖြစ် လာမည်ဟု ယုံကြည်ပါတယ်။

Max Energy အနေဖြင့် ပြည်သူလူထုအကျိုးပြု ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အစဉ်တစိုက် ရှေးရှုပြီး ဆက်လက်ပါဝင်သွားမည်ဖြစ်ပါသည်။