Author: project-coordinator

“Max Energy Run” ပွဲသို့ လာရောက် ပါဝင်ဆင်နွှဲအားပေးကြသော အပြေးဝါသနာရှင်အားကစားသမားများ၊ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများ၊ စေတနာ့ ဝန်ထမ်းများ ၊ ဝေဆာ မှ တာဝန်ရှိလူကြီးမင်းများ နှင့်အတူ Max Energy Run ပွဲဖြစ်မြှောက်အောင် ကူညီသူအားလုံးတို့အား ကျေးဇူး အထူးတင်ရှိပါတယ်။ Max Energy Run နှင့် အတူနောက်တစ်ကြိမ် ထပ်မံဆုံတွေ့ကြပါမယ် … ...

Max Energy မိသားစုဝင်များ စည်းလုံးညီညွတ်မှုနှင့် ပျော်ရွှင် စေနိုင်ရန်အတွက် Max Energy ရဲ့၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြိုင်ပွဲတစ်လျှောက် ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်မှုများကြောင့် အားလုံး ပျော်ရွှင်ဖွယ် အချိန်များကို ပိုင်ဆိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသော အသင်းများနှင့် တစ်ဦးချင်း ကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် ဆုပေးပွဲအခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ Max Energy မိသားစု၏ စည်းလုံးညီညွတ်မှုကို ပြသသည့် ဤအစီအစဉ်ကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်လိုက်ပါသည်။ ...

AYA Pay အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန်အတွက် AYA xCounter Mini များကို အောက်ပါ Max Energy ဆိုင်များတွင် အောက်တိုဘာလ (၁) ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။😍AYA xCounter Mini @‌Max Energy၁။လေးထောင့်ကန်၂။ဒဂုံဆိပ်ကမ်း၃။မှော်ဘီ -၁၄။သုဝဏ္ဏ၅။တောင်ဥက္ကလာပ - များတွင် AYA Pay အသုံးပြုသူများအတွက် ငွေသွင်း၊ငွေထုတ်များ ကို အဆင်ပြေ လွယ်ကူစွာဖြင့် ပြုလုပ်နိုင်ပါတယ်။ ...

 Max Energy မှ အမှတ်(၁၆၁၁/ဂ)၊ မကွေး-ရေနံချောင်းကားလမ်း၊ကန်ပြားကျေးရွာအုပ်စု၊မကွေးမြို့နယ်၊မကွေးခရိုင်၊မကွေးတိုင်းဒေသကြီးတွင် (၁၅.၈.၂၀၂၂) ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...

Max Energy  မှ အမှတ်(၁၈၅/၁)၊ရန်ကုန်-မန္တလေးလမ်းဟောင်း၊စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီးတ္ငင် အရည်အသွေးမြင့် စက်သုံးဆီ များကို (၂၂.၇.၂၀၂၂) ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...