Author: project-coordinator

စိမ်းလန်းစိုပြေပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ဆိုတာသစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းခြင်း ကနေစတင်ရတာဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Max Energy မိသားစုမှ (၅.၆.၂၀၂၆) တွင် ဒလမြို့ စည်ပင်လမ်း ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် ဓနုတ်ဘုရား (မြောက်ဖက်မုဒ်) တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး နှင့် အများပြည်သူအကျိုးအတွက် သစ်ပင်စိုက်ပျိုးခြင်း (CSR) လှုပ်ရှားမှုကိုသွား ရောက်ဖော်ဆောင်ခဲ့ပါတယ်။ ယနေ့ စိုက်ပျိုးခဲ့သည့်အပင်များ ကြီးထွားလာပြီး အနာဂတ်မှာ ဒေသခံပြည်သူတွေအတွက် သာယာလှပတဲ့ရိပ်မြုံတစ်ခု ဖြစ် လာမည်ဟု ယုံကြည်ပါတယ်။ Max Energy အနေဖြင့် ပြည်သူလူထုအကျိုးပြု ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အစဉ်တစိုက် ရှေးရှုပြီး ဆက်လက်ပါဝင်သွားမည်ဖြစ်ပါသည်။ ...

2026 နှစ်သစ်သို့ ကူးပြောင်းသည့် မင်္ဂလာရှိသောအခါသမယတွင် Max Energy မိသားစုမှ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၃၁၊၁၂၊၂၀၂၅ ရက်နေ့တွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူခဲ့ကြပါသည်။စုပေါင်းသန့်ရှင်းရေးလုပ်အား ဝေယျာဝစ္စ သီလကုသိုလ် အနေဖြင့် ဝန်ထမ်းများမှ စေတီတော်ရင်ပြင်တစ်လျှောက် တံမြက်စည်းလှည်းခြင်းနှင့် ဘုရားပန်းအိုးများ ဆေးကြောသန့်စင်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် မြတ်သောကုသိုလ်များဖြင့် အားသစ်လောင်း ကြိုဆိုခဲ့ကြခြင်းအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ မိဘပြည်သူများအားလုံး ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Max Energy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ...

“Max Energy Run” ပွဲသို့ လာရောက် ပါဝင်ဆင်နွှဲအားပေးကြသော အပြေးဝါသနာရှင်အားကစားသမားများ၊ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများ၊ စေတနာ့ ဝန်ထမ်းများ ၊ ဝေဆာ မှ တာဝန်ရှိလူကြီးမင်းများ နှင့်အတူ Max Energy Run ပွဲဖြစ်မြှောက်အောင် ကူညီသူအားလုံးတို့အား ကျေးဇူး အထူးတင်ရှိပါတယ်။ Max Energy Run နှင့် အတူနောက်တစ်ကြိမ် ထပ်မံဆုံတွေ့ကြပါမယ် … ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က "စိတ်ကျန်းမာရေးဟာ လူသားတွေအတွက် အင်မတန် အရေးပါပြီး ကျွန်တော်တို့တွေကို စိတ်ချမ်းသာပြည့်စုံစွာ နေထိုင်စေနိုင်သလို ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းတွေကိုလည်း အပြည့်အဝ ပံ့ပိုးပေးနိုင်ပါတယ်" လို့ ဆိုပါတယ်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကာလတွေကြောင့် လူတစ်ဉီးစီတိုင်းဟာ စိတ်ကျန်းမာရေး အခြေအနေ တစ်ခုခုနဲ့ ရှင်သန်နေရသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေလည်း အနည်းအများဆိုသလို ကြုံတွေနေကြရတာပါ။ စိတ်ကျန်းမာရေးဆိုတာဟာ လူသားတိုင်းနဲ့ သက်ဆိုင်တာကြောင့် နှိမ့်ချအပြစ်တင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေ မလုပ်ဘဲ တစ်ဉီးနဲ့တစ်ဉီး အပြန်အလှန် မေတ္တာတွေမျှဝေရင်း စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဆောင်ရွက်ကြဖို့လိုပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရပြည့်ဝစွာ...

Max Energy မိသားစုဝင်များ စည်းလုံးညီညွတ်မှုနှင့် ပျော်ရွှင် စေနိုင်ရန်အတွက် Max Energy ရဲ့၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြိုင်ပွဲတစ်လျှောက် ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်မှုများကြောင့် အားလုံး ပျော်ရွှင်ဖွယ် အချိန်များကို ပိုင်ဆိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသော အသင်းများနှင့် တစ်ဦးချင်း ကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် ဆုပေးပွဲအခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ Max Energy မိသားစု၏ စည်းလုံးညီညွတ်မှုကို ပြသသည့် ဤအစီအစဉ်ကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်လိုက်ပါသည်။ ...

AYA Pay အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန်အတွက် AYA xCounter Mini များကို အောက်ပါ Max Energy ဆိုင်များတွင် အောက်တိုဘာလ (၁) ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။😍AYA xCounter Mini @‌Max Energy၁။လေးထောင့်ကန်၂။ဒဂုံဆိပ်ကမ်း၃။မှော်ဘီ -၁၄။သုဝဏ္ဏ၅။တောင်ဥက္ကလာပ - များတွင် AYA Pay အသုံးပြုသူများအတွက် ငွေသွင်း၊ငွေထုတ်များ ကို အဆင်ပြေ လွယ်ကူစွာဖြင့် ပြုလုပ်နိုင်ပါတယ်။ ...

Max Energy  မှ အမြန်လမ်းမိုင်တိုင်အမှတ် (၁၀၈ မိုင်)- အမြန်လမ်းအဆင်းဘက်ခြမ်း (ရန်ကုန်-မန္တလေး) အမြန်လမ်း နှင့် (ညောင်ပင်သာ - စိန်ကြီးလမ်းဆုံ)တ္ငင် အရည်အသွေးမြင့် စက်သုံးဆီ များကို (23/3/2025) ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...

Max Energy  မှ သီလဝါဖွံ့ဖြိုးရေးလမ်းမ (သန်လျင်ရေကြောင်းပညာတက္ကသိုလ်လမ်း) သီလဝါအထူးစီးပွားဇုန် (SEZ) Gate -2 အနီး သန်လျင်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးတ္ငင် အရည်အသွေးမြင့် စက်သုံးဆီ များကို (5/9/2024) ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...

Max Energy  မှ ရတနာလမ်း နှင့် ရွှေလီလမ်းဆုံမီးပွိုင့်အနီး၊ ရတနာလမ်း(ရတနာနှင်းဆီအိမ်ရာအလွန်)၊ အမှတ် (၆၁) ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတ္ငင် အရည်အသွေးမြင့် စက်သုံးဆီ များကို (23/5/2024) ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...

Max Energy  မှ အမှတ်(၁၃၁)၊ ကားကြီးကွင်းရပ်၊တောင်ကြီး-ဟိုပုံးကားလမ်းဘေး၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့တ္ငင် အရည်အသွေးမြင့် စက်သုံးဆီ များကို (31/1/2023) ရက်နေ့မှ စ၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ...