Other Activity

2024

Max Energy & Ayeyarwaddy Collaboration Donation (21-Oct-2024)

ရေ‌ဘေး (19-Sep-2024)

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ရေဘေးသင့်ပြည်သူတွေ မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ရိက္ခာခြောက်တွေ၊ ရေသန့်၊ ဆေးဝါး၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ထောက်ပံ့ငွေတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးလျက်ရှိပါတယ်။ အလားတူ ရေဘေးသင့်ရာဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် လက်တွဲကူညီသွားမှာဖြစ်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပူပင်သောက၊ အခက်အခဲတွေ ပြေလျော့စေဖို့ တတ်စွမ်းသရွေ့ ဆက်လက်ကြိုးပမ်းကူညီသွားမှာဖြစ်ပါတယ်။

“လက်တွဲကူညီ ဧရာဝတီ”

ရေ‌ဘေး (17-Sep-2024)

ဧရာဝတီဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ Max Energy မှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများအဖွဲ့သည် စက်တင် ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် ပျဉ်းမနားမြို့နယ် ဆင်သေရွာ၊ ရမည်းသင်းမြို့နယ် ချောင်းဖျားရွာ နှင့် ငါးတပ် စုရွာ၊ လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် ကျောက်ဆည် ကျေးရွာအုပ်စု၊ တပ်ကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော ကြွက်တောရွာ၊ အုန်းပင်ရွာ၊ သစ်စိမ့်ပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာ၊ မကျီးပင်ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများ အဓိကလိုအပ်ချက် များဖြစ်သော ဆန်၊ ဆီ၊ ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသည့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း(၃၀၀၀)ကျော်ကို လက်တွဲကူညီ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ပါသည်။
ထို့အတူ ရေဘေးကြောင့် နေအိမ် အလုံးစုံ ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ကြသော အိမ်ထောင်စုများအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းနှင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအတွက် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
Max Energy အနေဖြင့် ရေဘေးသင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခများကို အနီးကပ် ကြုံတွေ့ သိမြင်ခဲ့ရသည့်အလျောက် ၎င်းတို့အတွက် လိုအပ်သော အကူအညီများ၊ ပြန်လည်ထူထောင်ရေး ကိစ္စများ အတွက် တတ်စွမ်းသမျှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရေ‌ဘေး (16-Sep-2024)

ဧရာဝတီဖောင်ဒေးရှင်းနှင့်လက်တွဲ၍ Max Energy မှ ရေဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ရေဘေးအလှူ (September 2024)

“ဧရာဝတီဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ Max Energy မှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ အဖွဲ့သည် စက်တင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် ပျဉ်းမနားမြို့နယ် ဆင်သေရွာ၊ ရမည်းသင်းမြို့နယ် ချောင်းဖျားရွာနှင့် ငါးတပ်စုရွာ၊ လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအုပ်စု၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကြွက်တောရွာ၊ အုန်းပင်ရွာ၊ သစ်စိမ့်ပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာ၊ မကျီးပင်ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများ အဓိကလိုအပ်ချက်များဖြစ်သော ဆန်၊ ဆီ၊ ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသည့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၃၀၀၀)ကျော်ကို လက်တွဲကူညီ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ပါသည်။

ထို့အတူ ရေဘေးကြောင့် နေအိမ် အလုံးစုံ ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ကြသော အိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့ပေးခြင်းနှင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအတွက် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

Max Energy အနေဖြင့် ရေဘေးသင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခများကို အနီးကပ်ကြုံတွေ့သိမြင်ခဲ့ရသည့်အလျောက် ၎င်းတို့အတွက် လိုအပ်သော အကူအညီများ၊ ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တတ်စွမ်းသမျှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

2020

(19 Nov 2020)

မိတ်ဆွေများ စက်သုံးဆီအခက်အခဲမရှိစေရန် Max Energy ဆိုင်များကို (ချောင်းသာဆိုင်ခွဲမှလွဲ၍) (19.11.2020) ရက်မှစ၍ (၂၄) နာရီပြန်လည်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပါသည်။

(17 Nov 2020)

Covid-19 ဒုတိယလှိုင်းအတွင်း စေတနာ၊ မေတ္တာအပြည့်ဖြင့် ကူညီဆောင်ရွက်ပေးနေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတလုပ်ဆောင်နေကြသူများကို Max Energy မှ လေးစားဂုဏ်ပြုအပ်ပါသည်။

(27 Oct 2020)

Work From Home တာဝန်ထမ်းဆောင်နေသူများအတွက် လိုက်နာသင့်သည့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(16 Oct 2020)

Max Energy ကို ယုံကြည်စွာ ဝယ်ယူအားပေးသော Customer များအနေဖြင့် မိမိတို့၏ကျန်းမာရေးနှင့် ဆိုင်ဝန်ထမ်းများ၏ကျန်းမာရေးကို ရှေးရှု၍ စက်သုံးဆီ လာဖြည့်သည့်အခါတွင် Mask တပ်ပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုယ်ချစ်တဲ့သူတွေကို အိမ်မှာနေခြင်းဖြင့် ဂရုစိုက်ကြရအောင် (6 Oct 2020)

Contribution to Employee (September 2020)

Max Energy Co., Ltd နှင့် AYEWARWADY Foundation တို့ပူးပေါင်း၍ COVID-19 ကူးစက်ပြန့်ပွါးရောဂါ ဖြစ်ပွါးနေချိန်တွင် မိမိ၏အခြေခံဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ အခြေခံစားသောက်ကုန်များ ပံ့ပိုးပေးခဲ့ပါသည်။

(28 Sept 2020)

ရန်ကုန်မြို့ Max Energy စက်သုံးဆီအရောင်းဆိုင်ရှိ Covid-19 ရောဂါကူးစက်ခံရသူဝန်ထမ်းတစ်ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်း အသိပေးကြေငြာခြင်း။

(25 Sept 2020)

Max Energy (ပိတောက်ချောင်း) စက်သုံးဆီအရောင်းဆိုင်နှင့်ပတ်ဝန်းကျင်အား Customer များယုံကြည်စိတ်ချမှုရှိစေရန် စနစ်တကျရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်းအဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

Max Energy ၏မိတ်ဆွေများ စက်သုံးဆီအခက်အခဲမရှိစေရန် ယခုအခါတွင် အဆိုပါစက်သုံးဆီအရောင်းဆိုင်အားပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(24 Sept 2020)

Mask မတပ်ဘဲ Face shield တစ်ခုတည်းတပ်၍ ရောဂါကူးစက်ခြင်းကို မကာကွယ်နိုင်ပါ။

(23 Sept 2020)

Max Energy (တောင်ဥက္ကလာပ) စက်သုံးဆီအရောင်းဆိုင်နှင့်ပတ်ဝန်းကျင်အား Customer များယုံကြည်စိတ်ချမှုရှိစေရန် စနစ်တကျရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်းအဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

Max Energy ၏မိတ်ဆွေများ စက်သုံးဆီအခက်အခဲမရှိစေရန် ယခုအခါတွင် အဆိုပါစက်သုံးဆီအရောင်းဆိုင်အားပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဧရာဝတီစင်တာအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း(၁၀၀၀၀) မတည်လှူဒါန်း (19 Sept 2020)

ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် Covid-19 လူနာများကို လက်ခံကုသပေးမည့် ဧရာဝတီ စင်တာ၏ အဆောက်အဦနှင့် Infrastructure များ၊ ဆေးဝါးများ၊ အသုံးအဆောင် ပစ္စည်းများနှင့် အခြား လိုအပ်သည်များအတွက် AYA Bank၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာ အုပ်စုမှ ငွေကျပ် သိန်း(၁၀၀၀၀) မတည် လှူဒါန်းခဲ့ပါသည်။

(18 Sept 2020)

Max Energy သည် မိမိဝန်ထမ်းများအလုပ်လုပ်နေသော တာဝန်ချိန် အပြောင်းအလဲတွင် လုပ်ငန်းခွင်နေရာများသန့်ရှင်းရေးကို အလေးထားလုပ်ဆောင်ပြီးမှ နောက်ထပ်တာဝန်ချိန်ကို စတင်ပါသည်။

Max Energy ၏ဝန်ထမ်းများ ကိုယ်ခံအားကောင်းမွန်စေရန်အတွက်၊ အစားအသောက်နှင့် ဆေးဝါးအသုံးအဆောင်များကိုလဲ စီစဉ်ဆောင်ရွက်ထားရှိပါသည်။

(17 Sept 2020)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းရှိ Max Energy စက်သုံးဆီအရောင်းဆိုင်၏ ဝန်ထမ်းတစ်ဦးတွင် Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အသိပေးကြေငြာခြင်း။

(14 Sept 2020)

အပြင်ထွက်သည့်အခါ မိမိတစ်ကိုယ်ရည်သုံး ပစ္စည်းများကို မမေ့လျော့ပဲ တစ်ပါတည်းယူဆောင်အသုံးပြုပါ။ လက်ဆေးဖို့ မမေ့ပါနှင့်။

အသုံးပြုပြီးသော MASK များကို နားသိုင်းကြိုးမှကိုင်၍ဖြုတ်ပြီး အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ (7 Sept 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ထပ်မံဖြန့်ဝေပေးပါ။

မိတ်ဆွေများအားလုံး မမေ့မလျော့ သတိပြုလုပ်ဆောင်ကြပါစို့။ (3 Sept 2020)

သင့်အနီးနားရှိ သူများကို
COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက်
အသိပေး၍ ထပ်မံဖြန့်ဝေပေးပါ။

မိတ်ဆွေများအားလုံး မမေ့မလျော့ သတိပြုလုပ်ဆောင်ကြပါစို့။ (25 Aug 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ထပ်မံဖြန့်ဝေပေးပါ။

မိတ်ဆွေများအားလုံး မမေ့မလျော့ သတိပြုလုပ်ဆောင်ကြပါစို့။ (21 Aug 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ထပ်မံဖြန့်ဝေပေးပါ။

(26 May 2020)

Max Energy ဆိုင်ဖွင့်ချိန်များ ယာယီပြောင်းလဲဖွင့်လှစ်ခြင်း (22 May 2020)

Max Energy မှ ဝန်ထမ်းများ COVID-19 ကူးစက်ရောဂါမှ အတတ်နိုင်ဆုံးကာကွယ်နိုင်ရန်နှင့် Max Energy ၏ Customer များ စက်သုံးဆီအခက်အခဲမရှိစေရန် ရည်ရွယ်၍ Max Energy စက်သုံးဆီအရောင်းဆိုင်များအား နေ့စဉ် နံနက် (၆) နာရီမှ ည (၁၀) နာရီအထိ ယာယီပြောင်းလဲဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

မိဘပြည်သူများအားလုံး COVID-19 ကူးစက်ရောဂါအန္တရာယ်မှ အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အထူးစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးနေပါသည်။ (14 May 2020)

စက်သုံးဆီစျေးကတော့ အပြောင်းအလဲအနည်းငယ်ရှိပြီး စျေးနည်းနည်းတက်လာပေမယ့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအကျိုးပြုဝန်ထမ်းများ နှင့် တက်စီအငှားယာဉ်မိတ်ဆွေများအတွက်တော့ အထူးစျေးနှုန်းဖြင့်မပြောင်းလဲပဲ 𝐌𝐚𝐱 𝐄𝐧𝐞𝐫𝐠𝐲 မှဆက်လက်ရောင်းချပေးလျက်ရှိပါတယ်ခင်ဗျာ။

အထူးစျေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ရက်တိုးမြှင့်လိုက်ပါပြီ။ (30 April 2020)

COVID-19 ရောဂါဖြစ်ပွားနေသော ကာလတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအကျိုးပြုဝန်ထမ်းများ နှင့် တက်စီအငှားယာဉ်မိတ်ဆွေများ အဆင်ပြေစေရန်ရည်ရွယ်၍ အထူးစျေးနှုန်းဖြင့်ရောင်းချခြင်းအား နောက်ထပ် တစ်လ ထပ်မံတိုးမြှင့်လိုက်ပါသည်ခင်ဗျာ။

ဤအထူးစျေးနှုန်းဖြင့် စက်သုံးဆီလီတာပေါင်း (၂၆) သိန်းခန့်နှင့် ကားအစီးရေ (၁၁၀,၀၀၀)ခန့်အား ဧပြီ လ တွင် ရောင်းချခဲ့ပြီးဖြစ်ပါသည်။

COVID-19 ကပ်ရောဂါမှလဲ မိဘပြည်သူများအားလုံး အမြန်ဆုံး ကင်းဝေးပါစေကြောင်း Max Energy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အဆိုပါ အထူးစျေးနှုန်းအား Taxi အငှားယာဉ်များသည် (၁၅) လီတာနှုန်းဖြင့် နေ့စဉ် ရယူနိုင်ပါသည်။

ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့၏ သက်ဆိုင်ရာ ဝန်ထမ်းကတ် ပြသရုံဖြင့် အထူးဈေးနှုန်းကို ရယူနိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

သင်၏ကားကို မကြာခဏပိုးသတ်ဖို့ မမေ့ပါနဲ့။ (23 April 2020)

Max Energy ဆိုင်ဖွင့်ချိန်များ အသိပေးကြေငြာခြင်း (22 April 2020)

Max Energy မှ ဝန်ထမ်းများ COVID-19 ကူးစက်ရောဂါမှ အတတ်နိုင်ဆုံးကာကွယ်နိုင်ရန်နှင့် Max Energy ၏ Customer များ စက်သုံးဆီအခက်အခဲမရှိစေရန် ရည်ရွယ်၍ Max Energy စက်သုံးဆီအရောင်းဆိုင်များအား နေ့စဉ် နံနက် (၆) နာရီမှ ည (၈) နာရီထိသာ ယာယီပြောင်းလဲဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

မိဘပြည်သူများအားလုံး COVID-19 ကူးစက်ရောဂါအန္တရာယ်မှ အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မင်္ဂလာပါခင်ဗျာ။ (21 April 2020)

အရေးပေါ်လူနာတင်ယာဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကားများ နှင့် Taxi အငှားယာဉ်များအတွက် Max Energy မှ အထူးစျေးနှုန်းဖြင့် ရောင်းချပေးနေသည်ကို သဘောကျနှစ်ခြိုက်သည်ဟု ကြားသိရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အခုလို COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် တစ်ဖတ်တစ်လမ်းမှ ပါဝင်ကူညီခွင့်ရတဲ့အတွက် Max Energy မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

မင်္ဂလာသတင်းကောင်းလေး ထပ်မံ၍ပြောပါရစေခင်ဗျာ။ (20 April 2020)

ကျန်းမာရေးဝန်ထမ်းများ၊ လူနာတင်ယာဉ်များနှင့် အခြားကူညီဆောင်ရွက်ပေးသူများ၊ Taxi များအတွက် Max Energy မှထပ်မံ၍ စျေးနှုန်းလျှော့ချကာ အထူးစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါသည်။

COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ လူနာတင်ယာဉ်များနှင့် အခြား ကူညီဆောင်ရွက်ပေးသူများသာမက အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ​ဆောင်ရွက်နေသော Taxi အငှားယာဉ်များကို ဧပြီလ (၂၀)ရက်နေ့မှ စတင်၍ ဧပြီလကုန် (၃၀)ရက်နေ့အထိ Octane 92 RON အား (၂၅၀) ကျပ်ဖြင့်လည်းကောင်း၊ Octane 95 RON အား (၃၀၀) ကျပ်ဖြင့် လည်းကောင်း၊Diesel အား (၃၀၀)ကျပ်ဖြင့် လည်းကောင်း၊ အထူးစျေးနှုန်းဖြင့် တစ်နိုင်ငံလုံးရှိ Max Energy စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ အထူးစျေးနှုန်းအား Taxi အငှားယာဉ်များသည် (၁၅) လီတာနှုန်းဖြင့် နေ့စဉ် ရယူနိုင်ပါသည်။

ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့၏ သက်ဆိုင်ရာ ဝန်ထမ်းကတ် ပြသရုံဖြင့် အထူးဈေးနှုန်းကို ရယူနိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

နှစ်သစ်တွင် အားလုံး ဘေးဘယာဝေးကွာလို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ (17 April 2020)

COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ လူနာတင်ယာဉ်များနှင့် အခြား ကူညီဆောင်ရွက်ပေး သူများကို ကျေးဇူးတင် ဂုဏ်ပြုသော အနေဖြင့် ၎င်းတို့၏ မော်တော်ယာဉ်များအတွက် ဧပြီလ (၁၇)ရက်နေ့မှ စတင်၍ ဧပြီလကုန် (၃၀)ရက်နေ့အထိ Octane 92 RON အား (၃၀၀) ကျပ်ဖြင့်လည်းကောင်း၊ Octane 95 RON အား (၃၅၀) ကျပ်ဖြင့် လည်းကောင်း၊ Diesel အား (၃၅၀)ကျပ်ဖြင့် လည်းကောင်း၊ အထူးစျေးနှုန်းဖြင့် တစ်နိုင်ငံလုံးရှိ Max Energy စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

မိမိတို့၏ သက်ဆိုင်ရာ ဝန်ထမ်းကတ် ပြသရုံဖြင့် အထူးဈေးနှုန်းကို ရယူနိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

(12 April 2020)

Customer များ၏ စက်သုံးဆီလိုအပ်ချက်များအတွက် ကျရာတာ၀န်မှ ဝန်ဆောင်မှုပေးနိုင်ရန် နေ့စဉ်မပြတ် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနေသော မြန်မာတစ်နိုင်ငံလုံးရှိ မက်စ်အင်နာဂျီဆိုင်ခွဲများမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

(10 April 2020)

မက်စ်အင်နာဂျီသည် COVID-19 ကူးစက်ပြန့်ပွါးရောဂါ ဖြစ်ပွါးနေချိန်တွင် မိမိ၏အခြေခံဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍

ဆန်၊ ဆီ အခြေခံစားသောက်ကုန်များ ပံ့ပိုးပေးခဲ့ပါသည်။

TAXI နှင့် လူနာတင်ယာဉ်များအတွက် အထူးဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း(7 April 2020)

Max Energy အနေဖြင့် TAXI အငှါးယာဉ်များနှင့် လူနာတင်ယာဉ်များအတွက် ဧပြီလ (၈)ရက်နေ့မှ စတင်၍ ဧပြီလကုန် (၃၀)ရက်နေ့အထိ Octane 92 RON အား (၃၀၀) ကျပ်ဖြင့်လည်းကောင်း၊ Diesel အား (၄၀၀)ကျပ်ဖြင့်လည်းကောင်း အထူးစျေးဖြင့် သတ်မှတ်ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ အထူးစျေးနှုန်းအား TAXI အငှါးယာဉ်များသည် (၁၅) လီတာအထိ ခံစားခွင့်ပေးမည်ဖြစ်ပြီး လူနာတင်ယာဉ်များအတွက် လိုအပ်သလောက် ပမာဏအား ရောင်းချပေးသွားမည် ဖြစ်ပါသည်။

မဖြစ်မနေ ပြင်ပသို့ သွားလာနေရသော အများပြည်သူအနေဖြင့် TAXI အငှါးယာဉ် စီးနင်းကြရာတွင် TAXI ယာဉ်မောင်းများနှင့် အများပြည်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေစေပြီး အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းသက်သာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော လူနာတင်ယာဉ်များအတွက် ကုန်ကျစရိတ် သက်သာစေရန်အတွက် ယခုကဲ့သို့ အထူးစျေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ပါသည်။

(3 April 2020)

Max Energy မှ ဝန်ထမ်းများနှင့် လာရောက်အားပေးသော မိတ်ဆွေများအတွက် COVID-19 ကူးစက်ပြန့်ပွားရောဂါအား တတ်အားသရွေ့ကာကွယ်နိုင်ရန် မက်စ်အင်နာဂျီ စက်သုံးဆီဆိုင်များတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

မိတ်ဆွေများအားလုံး မမေ့မလျော့ သတိပြုလုပ်ဆောင်ကြပါစို့။ (30 Mar 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ဖြန့်ဝေပေးပါ။

COVID-19 ရောဂါအတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များ။ (25 Mar 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ဖြန့်ဝေပေးပါ။

သင် အသိပေးပြီးပြီလား။ (21 Mar 2020)

သင့်အနီးနားရှိ သူများကို COVID-19 ကူးစက်ပြန့်ပွားရောဂါကာကွယ်ရေးအတွက် အသိပေး၍ ဖြန့်ဝေပေးပါ။

2018

Concentration while driving (December 2018)

For the safety, it should be not more than one million on a motorbike (December 2018)

Max Energy Football Tournament (December 2018)

Fuel Donation to Fire Fighter and Water Tanker using in Yangon Waste Fire (1, May, 2018)

Contribution to Myanmar Fire Brigade 72th Anniversary (1, May, 2018)

Contribution to Religious seminar (Feb – 1 2018)

2016

Seat Belt Always! (December 2016)

ယာဉ်စည်းကမ်း လမ်းစည်းဆိုင်ရာပညာပေး လှုပ်ရှားမှု June 2016

မော်တော်ယာဉ်များအတွက် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကျွန်တော်တို့ Max Energy သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးလျှက်ရှိရာ ယခုအခါတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်သက်ဆိုင်သော ပညာပေးလက်ကမ်းစာစောင်များနှင့် ကားခုံနောက်မှီတင် ချိတ်နိုင်သောကတ်ပြားများကို ရိုက်နှပ်ထုတ်ဝေပြီး စက်သုံးဆီအရောင်းဆိုင်အချို့မှတစ်ဆင့် အခမဲ့ဖြန့်ဝေ ပေးအပ်လျှက်ရှိပါသည်။ ကတ်ပြားများတွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သော အချက်အလက်များကို ပြန်လည်သရုပ်ဖော်ထားသည့် ကာတွန်း အော်ပီကျယ်ရေးဆွဲသော ရုပ်ပုံများပါရှိပြီး ယာဉ်မောင်းသူများတွင်သာမက ယာဉ်အသုံးပြုသူ စီးနင်သူနှင့် လမ်းအသုံးပြုသူများပါ အသိပညာရရှိနိုင်ရန် ရည်ရွယ်ပါသည်။ ကတ်များကို Max Energy စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် သိမ်ဖြူ၊ သုဝဏ္ဏ၊ ကျွန်းတော၊ အလုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ တာမွေ နှင့် ပိတောက်ချောင်းဆိုင်များတွင် သက်ဆိုင်ရာရက်များအလိုက် ပေးအပ်လျှက်ရှိပါသည်။

Max Energy Monthly Donation (January 2016)

Max Energy employee’s monthly donation for needy people for November 2015 is to Mingalardon Hospitall by Max Energy (HO), lead by Asst. General Manager U Myo Win Tun, and to Yekyi Volunteers’ Charity Group, by Max Energy Filling Station (Thakala), lead by Manager U Zaw Naing (1). Each places were donated with 1 million Kyats.

Max Energy Monthly Donation (January 2016)

Max Energy employee’s monthly donation for needy people for January 2016 is to Mingalardon Regional Hospital by Max Energy Filling Station (Mingalardon), lead by Asst. General Manager U Myo Win Tun and Filling Station Manager U Han Tar Thar Aye, and to Thakala Volunteers’ Charity Group by Max Energy Filling Station (Thakala) lead by manager U Zaw Naing (1). Each places were donated with 1 million Kyats.

2015

Max Energy Corporate Social Responsibilities

Max Energy Co., Ltd was incorporated in 2010 as one of the strategic business units of Max Myanmar Group of Companies. Ever since our establishment of Max Energy, we have committed ourselves for Corporate Social Responsibilities (CSR) to our country, Myanmar. One of our missions is to be an environmentally responsible organization for future growth and development of community and organization.

As our Max Myanmar Group founded a non-profit organization, Ayeyarwady Foundation, to support its CSR activities more strongly and regularly, Max Energy have been actively and contributing to the country’s Education sector, Health sector, Sports and religious affairs together with the Ayeyarwady Foundation. Max Energy contribute not only cash contributing to school building donation to the country’s education sectors, but also volunteering for regular maintenance and up keeping the hospital compound of Yakin Paediatric Hospital.

We are concerned about the environmental issues and we aim to be an environmentally responsible organization by continuously implementing our CSR activities. We are committed to reduce the environmental footprint of our operations and we provide high-quality fuel products while conducting our business in a socially responsible and environmentally sustainable manner. Max Energy always prioritise the safety not only for the safety of the people but also for the safety of the environment. Management takes proactive action by setting up the strict operation procedures to prevent marine pollution too.

Max energy have been adopting environmentally friendly practices such as introducing energy saving measures in our premise and encouraging recycling initiatives. We use energy-saving light and air-conditioning systems and we even started using a few solar energy lights. Through our ongoing effort, we hope to complement and support the growth and development of green practices in the wider community. There are plans to go paperless operation in our community by using central web-base management system too. Furthermore, we do have a long term plan to import lower sulphur content products to reduce greenhouse effects and global warming for the sake of the green and sustainable environment.

Max Energy Traffic Safety Awareness Program (December 2015)

ဒီဇင်ဘာ (၂၉) ရက်၊ (၂၀၁၅)ခုနှစ်တွင် Max Energy Co.,Ltd သည် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှုကော်မတီနှင့်ရန်ကုန်တိုင်းယာဉ်ထိန်း ရဲတပ်ဖွဲ့တို့မှ ဦးစီးဆောင်ရွက်သော “ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ပညာပေးအစီအစဉ်” အဖြစ် လက်ကမ်းစာစောင် များ ဖြန့်ဝေရာတွင် ပါဝင်ခဲ့ ပါသည်။ ထိုပညာပေး အစီအစဉ်ကို တာမွေအဝိုင်း၊ (၈)မိုင်၊ ကမ္ဘာအေး၊ ကုက္ကိုင်း၊ ပန်းဆိုးတန်းလမ်း၊ ရွှေဘုံသာလမ်း တို့တွင် ဒီဇင်ဘာလ (၂၃)ရက် မှ (၂၅) ရက်နေ့ထိ နှင့် ဒီဇင်ဘာ(၂၉) ရက်နေ့မှ ဇန်နဝါရီလ (၁)ရက်နေ့ အထိ စုစုပေါင်း (၇)ရက်ကျင်းပမည် ဖြစ်ပြီး ပညာပေးလက်ကမ်းစာစောင် (၂၀,၀၀၀) ကို ဖြန့် ဝေခဲ့ပါသည်။

Max Energy Monthly Donation (Nov 2015)

Max Energy employee’s monthly donation for needy people for November 2015 is to Sigaing Monastric School by Max Energy Filling Station (Intakaw), lead by Manager U Tint Lwin, and to Kyi Myin Dine Shin Than Chin charity group of Free Oxygen by Max Energy Distribution and Delivery Departments, lead by Senior Managers U Myint Zaw and U San Win. Each places were donated with 1 million Kyats.

Max Energy Monthly Donation (October 2015)

Max Energy has been donating to needy people and monastries on a monthly basis with the fraction of the employee’s salary and for October 2015, Max Energy (Nay Pyi Taw-1) Filling Station manager U Si Thu Chan Mya Aye and it’s employee went and donated a million kyats to Aye Myittar San Monastic School in Pobba Thiri Township, on behalf of Max Energy Co., Ltd.

Max Energy Monthly Donation (May 2015)

Max Energy has been donating to needy people and monastries on a monthly basis with the fraction of the employee’s salary and for May 2015, Max Energy (Mandalay) filling station’s Senior Manager U Soe Thein and it’s employees went and donated a million kyats to A Wah Yaung Myo Set Thit Volunteer Group on behalf of Max Energy Co., Ltd.

Max Energy Monthly Donation (March 2015)

Max Energy has been donating to needy people and monastries on a monthly basis with the fraction of the employee’s salary and for March 2015, Max Energy (Hinthada) filling station’s manager U Tun Lin Kyaw and it’s employees went and donated a million kyats for the construction of water well in Eik Kyee Village, Hinthada Tsp., on behalf of Max Energy Co., Ltd.

2014

Max Energy Monthly Donation (November 2014)

Max Energy has been donating to needy people and monastries on a monthly basis with the fraction of the employee’s salary and for November 2014, Asst. General Manager U Myo Win Tun and Max Energy (Ahlone) filling station employees went and donated a million kyats to Kyee Myin Dine School for the Blind on behalf of Max Energy Co., Ltd.

Max Energy Monthly Donation (August 2014)

Max Energy has been donating to needy people and monastries on a monthly basis with the fraction of the employee’s salary and for August 2014, Max Energy (Thein Phyu) filling station’s manager U Zaw Zaw and it’s employees went and donated a million kyats to Thein Phyu Worker’s Hospital on behalf of Max Energy Co., Ltd.