Galaxy Club

Get your reward points
from Max Energy Galaxy App.

မက်စ်အင်နာဂျီတွင် ဝယ်ယူအားပေးသော customer များသည် Galaxy Club Application အားအသုံးပြုပြီး Stars များကို စုစောင်းနိုင်ပါသည်။ စုစောင်းထားသော Stars များနှင့် သတ်မှတ်ထားသော လက်ဆောင်ပစ္စည်းများအား ပြန်လည်၍ လဲလှယ်နိုင်ပါသည်။

Galaxy Club Application အား Google Play Store, Apple App Store များတွင် Download ရယူနိုင်ပါသည်။

၁။ Max Energy Galaxy Club Application ကို အခမဲ့ ဒေါင်းလုပ် (Download) ပြုလုပ်နိုင်ပါသည်။

၂။ အသက် (၁၈) နှစ် နှင့်အထက်ရှိ မည်သူမဆို Max Energy Galaxy Club အစီအစဉ်ကို ပါဝင်ရန်အတွက် စာရင်းပေးသွင်းနိုင်ပါသည်။

၃။ စာရင်းပေးသွင်းရာတွင် လူကြီးမင်းအသုံးပြုသော Email (သို့မဟုတ်) ဖုန်းနံပါတ်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

၄။ Max Energy Galaxy Club အသုံးပြုရာတွင် လျှို့ဝှက်နံပါတ် (Password) အား သတ်မှတ်ခိုင်းမည်ဖြစ်ပါသည်။ လူကြီးမင်း အသုံးပြုသော လျှို့ဝှက်နံပါတ်အား လျှို့ဝှက်ထားရန် လိုအပ်ပါသည်။ အကယ်၍ လူကြီးမင်း၏ လျှို့ဝှက်နံပါတ်အား တစ်စုံတစ်ယောက်မှ ရယူသုံးစွဲနေသည်ဟု သံသယ ရှိပါက Max Energy Company Ltd ထံသို့ ဆက်သွယ်ရန်လိုအပ်ပါသည်။ လျှို့ဝှက်နံပါတ်အား အသုံးပြုပြီး ဝင်ရောက်ပြုလုပ်သော လုပ်ဆောင်မှုများနှင့် သတ်မှတ်ထားသည့် ပစ္စည်းများလဲလှယ်မှုအားလုံးတို့သည် လူကြီးမင်းမှာပဲ တာဝန်ရှိပါသည်။

၅။ လူတစ်ဦးတစ်ယောက်လျှင် အကောင့် တစ်ခုသာ ဖွင့်နိုင်ပါသည်။ ဖွင့်လှစ်ပြီးသော အကောင့်အား လွှဲပြောင်းခြင်းမပြုရပါ။

၆။ စက်သုံးဆီ (၁၀၀၀) ကျပ်ဖိုး စက်သုံးဆီဖြည့်တိုင်း Reward Stars (10) ပွိုင့်စီ ရရှိမည်ဖြစ်ပါသည်။ Max Energy Galaxy Club အားအသုံးပြုရန်အတွက် Max Energy စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ပြီးနောက် မိမိကိုယ်တိုင်ဘောက်ချာပေါ်ရှိ ကုဒ် နံပါတ်ကို ရိုက်ထည့်၍သော်လည်းကောင်း၊ QR Scan ဖတ်၍ လည်းကောင်း Reward Stars များကို ရယူနိုင်ပါသည်။

၇။ ရရှိခဲ့ပြီး Stars များ၏ သက်တမ်းကာလမှာ (6) လ ဖြစ်ပါသည်။ (6) လပြည့်သွားပါက အဆိုပါ Stars များမှာ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ပါသည်။

၈။ ရရှိခဲ့ပြီး Stars များအား Stars အရေအတွက် (၁၀၀၀) Stars မှ စတင်၍ Max Energy Company Limited မှ သတ်မှတ်ထားသော ပစ္စည်းများဖြင့်လဲလှယ်နိုင်ပါသည်။

၉။ Max Energy Galaxy Club ကို အသုံးပြုရာတွင် လူကြီးမင်းများ၏လိုအပ်ချက်နှင့် ကိုက်ညီပြီး အမှားအယွင်းကင်းမည်ဟု ကတိမပြုနိုင်ပါ။ Max Energy Galaxy Club ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အမှားအယွင်းရှိပါက ချက်ခြင်းပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၀။ Max Energy Galaxy Club အသုံးပြုရာတွင် ခေတ္တရပ်ဆိုင်းထားရန် လိုအပ်သည့် ပြင်ဆင်မှုများ ရှိပါက အသုံးပြုမှုနည်းသော အချိန်အားရွေး၍ ခေတ္တရပ်ဆိုင်းထားပြီး အလျှင်မြန်ဆုံး ပြင်ဆင်သွားမည်ဖြစ်ပါသည်။

၁၁။ အကောင့်ပိတ်သိမ်းခြင်း

  • စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း
  • Max Energy Galaxy Club အား အသုံးပြု၍ Stars များအား လိမ်လည်ရယူခြင်း
  • Max Energy Galaxy Club ၏ Stars စုဆောင်းခြင်းအစီအစဉ်အား မရိုးသားသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနေသည်ဟု ယုံကြည်ရလောက်သည့် အကြောင်းပြချက်ရှိခြင်း။
  • Max Energy Galaxy Club ၏ Stars စုဆောင်းခြင်းအစီအစဉ်အသုံးပြုရင်း တရားဥပဒေချိုးဖောက်ခြင်း

အကောင့်ပိတ်သိမ်းခံရပါက စုဆောင်းထားသော Stars များနှင့် အကျိုးခံစားခွင့်များအား ဆက်လက်အသုံးပြုနိုင်ခွင့်ရရှိမည် မဟုတ်ပါ။

၁၂။ Max Energy Galaxy Club အစီအစဉ်အား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ Max Energy Company Limited မှ အချိန်မရွေးဖျက်သိမ်းနိုင်ခွင့်ရှိပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကိုလဲ အချိန်မရွေးပြုပြင် ပြောင်းလဲ ပြင်ဆင်သတ်မှတ်နိုင်သည်။

၁၃။ Max Energy Company Limited မှ Max Energy Galaxy Club အစီအစဉ်အား ဖျက်သိမ်းလိုက်ပါက Application ထဲတွင် ကျန်ရှိနေသော Stars များနှင့် အကျိုးခံစားခွင့်များကို ဆက်လက်အသုံးပြုနိုင်ခွင့် ရရှိမည်မဟုတ်ပါ။