02 Oct Max Energy ၁၅ နှစ်ပြည့် အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲနှင့် ဆုပေးပွဲ ပုံရိပ်များ
Max Energy မိသားစုဝင်များ စည်းလုံးညီညွတ်မှုနှင့် ပျော်ရွှင် စေနိုင်ရန်အတွက် Max Energy ရဲ့၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပြိုင်ပွဲတစ်လျှောက် ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်မှုများကြောင့် အားလုံး ပျော်ရွှင်ဖွယ် အချိန်များကို ပိုင်ဆိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသော အသင်းများနှင့် တစ်ဦးချင်း ကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် ဆုပေးပွဲအခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
Max Energy မိသားစု၏ စည်းလုံးညီညွတ်မှုကို ပြသသည့် ဤအစီအစဉ်ကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်လိုက်ပါသည်။















