(၆)ကြိမ်မြောက် နှစ်ဦးအကြို သွေးလှူခြင်း

(၆)ကြိမ်မြောက် နှစ်ဦးအကြို သွေးလှူခြင်း

သွေးသည် လူတို့အသက်ရှင်နေထိုင်မှုအတွက် လွန်စွာအရေးကြီးသလို ၊ မိမိသွေးကို တစ်ပါးသူအပေါ်လှူဒါန်းရခြင်းသည်လဲ လွန်စွာမွန်မြတ်လှသော အလှူဒါနဖြစ်ပါသည်။
(၃၀.၁၂.၂၀၁၉) ရက်တွင် Max Energy စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများ၊ ရုံးချုပ်မှ ဝန်ထမ်းများနှင့် ဆီသိုလှောင်စခန်းမှ ဝန်ထမ်းများစုပေါင်း၍ သွေးလိုအပ်လျက်ရှိသောသူများအတွက် သက်ဆိုင်ရာ သွေးလှူဘဏ် အသီးသီးတွင် (၆) ကြိမ်မြောက်အဖြစ် နှစ်သစ်ကူးအကြိုသွေးလှူဒါန်းခဲ့ကြပါသည်။
သွေးလှူဒါန်းခဲ့ကြသော ဝန်ထမ်းများအားလုံးအတွက်လဲ ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။